အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ မကြာမီ တွေ့ဆုံမည်
ဝါရှင်တန် စက်တင်ဘာ ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြာမီအချိန်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်
ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယနေ့ပြောကြားခဲ့သည်။
အမေရိကန်က အိန္ဒိယမှ သွင်းကုန်များအပေါ် ထပ်ဆောင်းခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး
နောက် ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးအစည်းအဝေးထွက်ပေါ်လာမည်ဖြစ်သည်။
အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတားအဆီးများကို
ဖြေရှင်းရန် ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း
သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
ဝန်ကြီးချုပ်မိုဒီက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့
တက်ရောက် ရန် သြဂုတ်လနှောင်းပိုင်းမှ ယခုလအစောပိုင်းအထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
မိုဒီသည် ခုနစ်နှစ်အတွင်း ၎င်း၏ ပထမဆုံးခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်
ရုရှား သမ္မတ ဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံခဲ့သည်။
သမ္မတထရမ့်နှင့် ဝန်ကြီးချုပ် မိုဒီတို့၏ ဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်မှုရရှိရန်
ကူညီပေးနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments