တရုတ်နိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းပိုင်းသို့ တိုင်ဖွန်းမုန်တိုင်း မီတက်ဂ်ဝင်ရောက်
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိကုန်းတွင်းပိုင်းသို့ ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က တိုင်ဖွန်းမုန်တိုင်း မီတက်ဂ် ဝင်ရောက်ခဲ့ကြောင်း ပြည်နယ်မိုးလေဝသစောင့်ကြည့်ရေးဌာနက ပြောကြားသည်။
အဆိုပါမုန်တိုင်းသည် ယခုနှစ်အတွင်း ၁၇ ကြိမ်မြောက် တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းဖြစ်သည်ဟု သိရသည်။
ထိုတိုင်ဖွန်းမုန်တိုင်း၏လေပြင်းတိုက်ခတ်မှုသည် ၎င်း၏ဗဟိုအနီးတွင် တစ်စက္ကန့်လျှင် ၂၅ မီတာနှုန်းအထိ တိုက်ခတ်နိုင်ပြီး၊ ဂွမ်ဒေါင်းပြည်နယ် ရှန်ဝီမြို့ရှိ ကမ်းခြေသို့ ရွေ့လျားသွားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းမီတက်ဂ်သည် ကုန်းတွင်းပိုင်းရွေ့လျားကာ တဖြည်းဖြည်းအားလျော့သွားပြီး တစ်နာရီလျှင် ၁၀ ကီလိုမီတာမှ ၁၅ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုးလေဝသအာဏာပိုင်များက ခန့်မှန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments