ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစာပေသင် ဆရာ ဆရာမများ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲတက်ရောက်
မြောင်းမြ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်
မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာဆရာမများအတွက်
ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း
လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
ဦးစွာ “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ” တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ဆက်စကားပြောကြားကာ တိုင်းရင်းသား ဘာသာစာပေသင်
ဆရာ ဆရာမ ၁၂၀ တို့အား မြို့နယ်အလိုက် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊
သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)

No comments