ဝေါမြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေး
ဝေါ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မဲဆန္ဒရှင် ပြည်သူများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ဝေါ)၌ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသီဟထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားကာ လက်တွေ့ စမ်းသပ်သရုပ်ပြပေးသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments