The Cybersecurity & Privacy Chatbot Development ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

 



ရန်ကုန် စက်တင်ဘာ ၁၄

 

အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အေပီတီ) Asia Pacific Tele Community ၏ ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းက ဦးဆောင်ကျင်းပသည့် နိုင်ငံအဆင့် The Cybersecurity & Privacy Chatbot Development ပြိုင်ပွဲကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဒိုင်အဖွဲ့ဝင် ဒေါက်တာအေးအေးသင်းက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် The Cybersecurity & PrivacyChatbot Development ပြိုင်ပွဲကို ပြိုင်ပွဲဝင်အဖွဲ့ ၁၀ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ကြသည်။

 

ဆက်လက်၍ ပြိုင်ပွဲဒုတိယပိုင်း အစီအစဉ်ကိုဆက်လက်ကျင်းပရာ အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(အေပီတီ) အထွေထွေအတွင်းရေးမှူးချုပ် Dr.Masanori Kondo ၏ ဂုဏ်ပြုအမှာစကားကိုဗီဒီယိုပရိုဂျက်တာဖြင့် ပြသသည်။

 

ဆုများပေးအပ်ချီးမြှင့်

ယင်းနောက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးက အမှာစကား ပြောကြားပြီး ဆုပေးပွဲကိုကျင်းပရာ Cybersecurity Chatbot Champion Award ကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှ Dev Greek အဖွဲ့ကလည်းကောင်း၊ Most Innovative Security Chatbot Award ဆုကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ( UIT ) မှ IT Pout Sa အဖွဲ့ကလည်းကောင်း၊ People’s Choice Award ဆုကို STI College မှ Innolgniters @ STI က လည်းကောင်းရရှိရာ ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးက ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက်ပြိုင်ပွဲဝင် Top Ten Finalist နှင့် ပြိုင်ပွဲဝင်များအား Certificate of Achievement နှင့် Certificate of Participation ကို ပေးအပ်ပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းဦးက အကဲဖြတ်ဒိုင်များနှင့် ပံ့ပိုးကူညီကြသည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် သည်။

 

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းအတွင်းရေးမှူး ဒေါက်တာမျိုးမျိုးနိုင်က ပြိုင်ပွဲနှင့် ဆုပေးပွဲအောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မျိုးမင်းသူရ

No comments

Powered by Blogger.