ပါကစ္စတန်နိုင်ငံရှိ ခရိုင် ၁၅၉ ခုတွင် ပိုလီယိုကာကွယ်ဆေးထိုးနှံပေးမှုလုပ်ဆောင်



အောက်တိုဘာ ၁၃

ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ ခရိုင် ၁၅၉ ခုတွင် ကလေးများပိုလီယိုရောဂါဖြစ်ပွားမှုမှကာကွယ်ရန် ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံမှုကို ယနေ့မှစတင်ကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားအရေးပေါ် စင်တာ အင်န်အီးအိုစီက ယမန်နေ့ကပြောကြားသည်။

အဆိုပါကာကွယ်ဆေးထိုးလှုပ်ရှားမှုအတွင်း အသက်ငါးနှစ်အောက်ကလေးငယ် ၄၅ ဒသမ ၄ သန်းကျော်ကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်း နှင့် ကလေးများအနေဖြင့် ၎င်းတို့၏ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန် ဗီတာမင်အေ ဖြည့်စွက်စာများကိုလည်း ရရှိမည်ဖြစ်ကြောင်း အင်န်အီးအိုစီက ပြောကြားသည်။

ထိုလှုပ်ရှားမှုအတွင်း ကျန်းမာရေးဝန်ထမ်း ၄၀၀၀၀၀ ကျော်သည်  ကလေးငယ်တိုင်း ကာကွယ်ဆေးရရှိစေရေးအတွက် တစ်အိမ်တက်ဆင်းသွားရောက်မည်ဟု သိရသည်။

အသက် ၁၅ လအရွယ်အထိ ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများအချိန်မီပြီးစီးစေရေးနှင့် အသက်ငါးနှစ်အောက်ကလေးများအားလုံးကာကွယ်ဆေးထိုးနှံရေးအတွက် အင်န်အီးအိုစီက မိဘများအား တိုက်တွန်းပြောကြားထားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.