ပင်လောင်းမြို့နယ်၌ နေကြာသီးနှံမျိုးစေ့ထုတ်စံပြကွက် နည်းပညာပေး ကွင်းသရုပ်ပြ
ပင်လောင်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ နေကြာသီးနှံမျိုးစေ့ထုတ် စံပြကွက် နည်းပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက တကူမို့ကျေးရွာ ဦးခွန်လှဆောင် စံပြနေကြာစိုက်ခင်း၌ ပြုလုပ်သည်။
ကွင်းသရုပ်ပြပွဲတွင် ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်သန်းက စိုက်ပျိုးရေး တောင်သူများအား သီးနှံများစိုက်ပျိုးရာ၌ သီးနှံပင်များပေါ်တွင် ကျရောက်တတ်သည့် ရောဂါများနှင့် ပိုးမွှားများကာကွယ် နှိမ်နင်းရေး၊ သီးနှံအထွက်နှုန်း တိုးစေရေး နည်းစနစ်များနှင့် ကွင်းသရုပ်ပြပွဲ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သရုပ်ပြပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တကူမို့ကျေးရွာမှ စိုက်ပျိုးရေး တောင်သူ ၈၀ တက်ရောက်ကြပြီး တောင်သူများအား စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆေးဖျန်းချိန်တွင် အသုံးပြုရန် ကာကွယ်ရေးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments