ပေါင်မြို့နယ် ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက် အစည်းအဝေးကျင်းပ

 



ပေါင် အောက်တိုဘာ ၂၈

မွန်ပြည်နယ်ပေါင်မြို့နယ်၌ အမှတ်(၁)နှင့် အမှတ်(၂) ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့က (အထက)ပေါင် ရွှေရတုခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမင်းညွန့်တင်က အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအေးမင်းတို့က သမဝါယမ အသင်း၏ ငွေစုငွေချေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်း ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အသင်းသားများ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။                                          

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.