ဖြူးမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအား မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်
ဖြူး အောက်တိုဘာ ၁၂
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမည့် သမဝါယမအသင်း ခြောက်သင်းမှ အသင်းသားတောင်သူ ၂၄ ဦး၏ စိုက်ဧက ၇၀၀ အတွက် အသင်းပိုင်အစီအစဉ်ဖြင့် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းနှင့် ညီမျှသော မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့က ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပသည်။
ဆက်လက်၍ ဖြူးမြို့နယ် သမဝါယမဦးစီးဌာန တာဝန်ရှိသူက ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများအား ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက သမဝါယမ အသင်းသား တောင်သူများအတွက် မြေပဲနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments