ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
ဓနုဖြူ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ထီကွေ့ကျေးရွာအုပ်စု တောင်သူဦးဝင်းနိုင်၏ အောင်နိုင်တိုး စပါးမျိုးစံပြကွက် လယ်မြေ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားပြောကြားသည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ အစို ၁၁၈ ဒသမ ၁၇ တင်း၊ အခြောက် ၁၀၂ တင်း ထွက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)
No comments