ဒဏ်ရာကြောင့် ATP Finals ပြိုင်ပွဲမှ နိုဗက်ခ် ဒီဂျိုကိုဗစ် နုတ်ထွက်



နာမည်ကြီးတင်းနစ်အကျော်အမော် နိုဗက်ခ်ဒီဂျိုကိုဗစ်သည် ဟဲလန်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အီတလီတင်းနစ်ကစား သမားလော်ရန်ဇို မူဆက်တီကို ၄-၆၊ ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ တင်းနစ်ကစားသမားဘဝ ၁၀၁ ကြိမ်မြောက် ဆုဖလားရရှိခဲ့ကြောင်း သိရသည်။

 

သို့သော်လည်း ဒီဂျိုကိုဗစ်သည် ဒဏ်ရာကြောင့် မကြာမီယှဉ်ပြိုင် ကစားမည့် ATP Finals ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားတော့မည်မဟုတ်ကြောင်း သိရသည်။ ဒီဂျိုကိုဗစ်သည် ပြိုင်ပွဲတစ်လျှောက်တွင် တာဘီလို၊ ဘောဂက်စ်၊ ဟန်းဖ်မန်းတို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်တက်လှမ်းလာသူ ဖြစ်သည်။ ၎င်းသည် ဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက်မူဆက်တီကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

မိုးဇက် - စုစည်းရေးသားသည်

No comments

Powered by Blogger.