သီရိလင်္ကာနိုင်ငံ၌ အလုပ်လက်မဲ့ဖြစ်သူဦးရေ ၃၆၅၀၀၀ ကျော်ရှိလာ



နိုဝင်ဘာ ၂၆

သီရိလင်္ကာနိုင်ငံသား စုစုပေါင်း ၃၆၅၉၅၁ ဦးသည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေသည်ဟု သီရိလင်္ကာဝန်ကြီးချုပ် ဟာရီနီ အမာရာဆူရီယာက ယနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

ပထမသုံးလပတ်အတွင်း အလုပ်လက်မဲ့နှုန်းသည် ၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ကျဆင်းသွားခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဒုတိယသုံးလပတ်အတွက် အလုပ်လက်မဲ့နှုန်းသည် ယခင်နှစ်ကအလုပ်လက်မဲ့နှုန်း ၄ ဒသမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၈ ရာခိုင်နှုန်းတွင် ရှိနေကြောင်း ဖော်ပြထားသည်။

တက္ကသိုလ်ဘွဲ့ သို့မဟုတ် ထို့ထက်ပိုသော အရည်အချင်းရှိသူ ၄၂၂၅၄ ဦးသည် အလုပ်လက်မဲ့ဖြစ်နေသည်ဟု  ဝန်ကြီးချုပ်၏ပြောကြားချက်အရ သိရသည်။ အစိုးရသည် ၎င်း၏အလုပ်အကိုင်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရကဏ္ဍသို့ ဘွဲ့ရ ၁၂၀၀၀ ကျော်ကို ခေါ်ယူပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.