ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား
ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေးနှင့်
ပတ်သက်၍ ဆွေးနွေးကြပြီး လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်လာသည်နှင့်အမျှ ရလဒ်ကောင်းများ ထွက်ပေါ်နေသည့်အခြေအနေများကို အမြင်ချင်းဖလှယ်၍
နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားနိုင်ရေးအတွက်
ပိုမိုနီးကပ်စွာလက်တွဲဖော်ဆောင်သွားရေးတို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်

No comments