နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
မအူပင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ
နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)၌ ဧရာဝတီတိုင်းဒေသကြီး
အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊
သွေးဆောင်ဖြားယောင်း ခိုးယူမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁
နာရီက အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက
ဒေါ်ကြည်ကြည်ထွန်းက အမှာစကား ပြောကြားပြီး မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးခင်မောင်ညွန့်နှင့်
မအူပင်မြို့နယ်ဥပဒေအရာရှိ ဒေါ်ကျော့ကေခိုင်တို့က တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊
သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက သင်တန်းကျောင်းသို့
ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ/ဘဲဥနှင့် စာရေးကိရိယာများကို ပံ့ပိုးပေးအပ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ
အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆက်စပ်ဌာနဆိုင်ရာများ၊
အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)မှ
ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၅၂ ဦး
တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)

No comments