အမေရိကန်၌ အားလပ်ရက် ကာလအတွင်းသုံးစွဲငွေမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ထရီလီယံကျော်အထိ ရောက်ရှိနိုင်ဖွယ်ရှိ
နယူးယောက် နိုဝင်ဘာ
၇
ယခုနှစ်ဆောင်းရာသီ
အားလပ်ရက်ကာလအတွင်း အမေရိကန်၌ လက်လီရောင်းအားမှာ ပထမဆုံးအကြိမ် တစ်ထရီလီယံကျော်သို့
ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
အမေရိကန် ဈေးဝယ်သူများသည်
နိုဝင်ဘာလမှ ဒီဇင်ဘာလ ဈေးဝယ်ကာလအတွင်း ငွေကြေးသုံးစွဲမှုမှာ စံချိန်တင်မြင့်တက်လာမည်ဟု
အမေရိကန် အမျိုးသားလက်လီအသင်းချုပ် (အင်န်အာအက်ဖ်) က ခန့်မှန်းထားသည်။ လက်လီအသင်းချုပ်၏
ခန့်မှန်းချက်အရ ခန့်မှန်းရောင်းအားမှာ ၁ ဒသမ ၀၁ ထရီလီယံမှ ၁ ဒသမ ၀၂ ထရီလီယံဒေါ်လာအထိ
ရှိမည်ဟု သတ်မှတ်ထားသည်။
အားလပ်ရက်ရာသီ ရောင်းအားရလဒ်များသည်
အမေရိကန်အခွန်စည်းကြပ်မှု၊ ငွေကြေးဖောင်းပွမှု ပြန်လည်ဖြစ်ပေါ်လာခြင်းနှင့် နှေးကွေးလာသော
အလုပ်အကိုင် ဈေးကွက်အခြေအနေများသည် စျေးဝယ်သူများအပေါ် မည်သို့သက်ရောက်မှုရှိသည်တို့ကို
ပြသနိုင်သည်။
အင်န်အိတ်ချ်ကေ

No comments