စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မုံရွာမြို့ပေါ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှု လိုက်လံကြည့်ရှု
မုံရွာ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုပြီး ရပ်ကွက်နေပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ရုံးကြီးရပ်ကွက်တွင် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ထို့ပြင် ယမန်နေ့ညနေပိုင်းတွင် မုံရွာမြို့ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်သို့ ရောက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံး အလှဆင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်း ပြခန်းများနှင့် စားသောက်ဆိုင်ခန်း စုစုပေါင်း ၉၈ ခန်း ကျော်ဖြင့် ပြသရောင်းချနေမှုများနှင့် ကလေး ကစားကွင်းတို့ကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများနှင့် မြို့နေပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ နိုင်ငံကျော် အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ဈေးရောင်းပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူ တပျော်တပါး အားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments