တာချီလိတ်မြို့၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
တာချီလိတ် နိုဝင်ဘာ ၉
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
(၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်
(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်
ဘဒ္ဒန္တသုဓမ္မ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသန တက္ကသီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာ)ထံမှ
ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးတင့်ဝေသုံနှင့် ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့်ဇနီး၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်
နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
ခေတ်အလိုက်၊ ကဏ္ဍအလိုက် လုပ်ဆောင်ချက် သမိုင်းကြောင်းဆိုင်ရာ Video Clip ကိုပြသပြီး
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် မိသားစုစည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါ်လှလှဌေးတို့က ဝန်ထမ်းများအတွက်
နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင်ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)

No comments