သီရိလင်္ကာနိုင်ငံ၌ မုန်တိုင်းငယ်တစ်ခုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာသဖြင့် အနီရောင်သတိပေးချက်ထုတ်ပြန်



နိုဝင်ဘာ ၂၈

ဘင်္ဂလားပင်လယ်အော်ရှိ သီရိလင်္ကာကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် ယခုအခါ "ဒစ်ဝါ" ဟု အမည်ပေးထားသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာသောကြောင့် ကုန်းတွင်းနှင့် အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်နှစ်ခုလုံးအတွက် သီရိလင်္ကာနိုင်ငံ မိုးလေဝသဌာနက ကုန်းတွင်းနှင့် အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်နှစ်ခုလုံးအတွက် ယမန်နေ့က အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

မုန်တိုင်းစနစ် တိုးတက်လာသည်နှင့်အမျှ လာမည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် အန္တရာယ်ရှိသော ပင်လယ်အခြေအနေများသည် ကျွန်းအနှံ့တွင် ဆက်လက်တည်ရှိနေမည်ဟု တာဝန်ရှိသူများက သတိပေးပြောကြားခဲ့သည်။

မြောက်ပိုင်း၊ မြောက်အလယ်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းပြည်နယ်များအပြင် ထရင်ကိုမာလီခရိုင်တို့တွင် ၂၀၀ မီလီမီတာထက် ကျော်လွန်သော မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။ ဆာဘာရာဂါမူဝါနှင့် အနောက်ပိုင်းပြည်နယ်များ၏ အစိတ်အပိုင်းအချို့နှင့် ဘာဒူလာနှင့် ဘတ်တီကာလိုအာခရိုင်များတွင် မိုးရေချိန် ၁၅၀ မီလီမီတာအထက် ရွာသွန်းမည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

အဆိုပါသတိပေးချက်တွင် ကျွန်းတစ်ဝိုက်ရှိ ပင်လယ်ပြင်ဒေသများတွင် တစ်နာရီလျှင် ၇၀ ကီလိုမီတာအထိ လေပြင်းတိုက်ခတ်မှုနှင့် ပိုမိုမြင့်မားသော လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိသော ပင်လယ်ရေကြောင်းအခြေအနေများကိုလည်း သတိပေးထားသည်။

ပင်လယ်ပြင်သည် အလွန်ကြမ်းတမ်းပြီး လှိုင်းလုံးကြီးများသည် ၃ မီတာမှ ၄ မီတာအကြား မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး အထူးသဖြင့် ကိုလံဘို၊ ဂါလီ၊ ဟမ်ဘန်တိုတာ၊ ဘတ်တီကာလိုအာနှင့် ထရင်ကိုမာလီးမှတစ်ဆင့် ပူတာလမ်မှ ကန်ကာဆန်သူရိုင်အထိ ကမ်းရိုးတန်းတစ်လျှောက်တွင် မြင့်တက်နိုင်ပြီး နောက်ထပ်အသိပေးချက်ထုတ်ပြန်သည့်အချိန်အထိ ရေတပ်နှင့် ငါးဖမ်းသမားများအနေဖြင့် ပင်လယ်အတွင်းသို့ စွန့်စားခြင်းမပြုလုပ်ကြရန် အထူးအကြံပြုထားသည်။

အာဏာပိုင်များက နိုဝင်ဘာ ၃၀ ရက်အထိ ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်သောရာသီဥတုအခြေအနေများနှင့် ပတ်သက်၍ လူထုအား သတိရှိရှိနေထိုင်ရန်နှင့် မိုးလေဝသဌာနမှထုတ်ပြန်သော နောက်ဆုံးရသတင်းများကို လိုက်နာကြရန်တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.