ပဲခူးမြို့နယ်၌ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမည့် တောင်သူများအား အထွက်တိုးမျိုးနှင့် သွင်းအားစုများပေးအပ်
ပဲခူး နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့၌
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမ ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား
အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဘုရာကြီးမြို့
အမှတ်(၃) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ဦးစွာ ပဲခူးမြို့နယ်သမဝါယမဦးစီးဌာနနှင့်
သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ဆောင်းဆီ ထွက်သီးနှံမြေပဲ စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိစေရေး
အသိပညာပေး ပြောကြားပြီး ဆုလာဘ်ဓာတ်မြေဩဇာကုမ္ပဏီမှ တာဝန်ရှိသူများက စိုက်ပျိုးနည်းစနစ်
မှန်ကန်မှုရှိစေရေး၊ ကုမ္ပဏီမှ ထုတ်လုပ်သော သွင်းအားစုများကို အသုံးပြုသည့် နည်းလမ်းများနှင့်
အထွက်နှုန်း ကောင်းမွန်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သမဝါယမအသင်းစု ၁၀ သင်းမှ
အသင်းသား ၄၃၄ ဦး ၏ စိုက်ပျိုးဧက ၃၀၀၀ အတွက် မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ အစီအစဉ်ဖြင့်
တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်းနှင့် ညီမျှသော အထွက်တိုး မျိုးမြေပဲနှင့် သွင်းအားစုများပေးအပ်ခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments