ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် နည်းပညာအထောက်အကူပြု သင်တန်းဖွင့်လှစ်
ရေး နိုဝင်ဘာ ၂၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) နည်းပညာ အထောက်အကူပြု (Installation)ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို
ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ
ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုလတ်က မြန်မာအီလက်ထရောနစ်
မဲပေးစက် (Installation)
ပြုလုပ်ခြင်း နည်းပညာနှင့်ပတ်သက်၍ စက်များ ကိုင်တွယ်အသုံးပြုရာတွင်
သိရှိရမည့်အချက်များ၊ ထိန်းချုပ်စက်တွင် ပါဝင်သည့် အစိတ်အပိုင်းများ၊ မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း
အဆင့်ဆင့်နှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အပိုင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့
နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်၊ ရေးခရိုင်အုပ်ချုပ်ရေးမှူး
ဦးထိန်စိုး၊ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး သင်တန်းနည်းပြ ငါးဦးနှင့်
ကြီးကြပ်သူ ၁၀ ဦးတို့က မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်
သင်တန်းသား သင်တန်းသူ ၅၀ တို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
မင်းမင်း

No comments