မန္တလေးတိုင်းဒေသကြီး (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ
မန္တလေး နိုဝင်ဘာ ၂၀
(၃၆)နှစ်မြောက် ကလေး သူငယ်အခွင့်အရေးများ
ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ် လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး
မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊
မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့၊
မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီး ချုပ် ၏ ဇနီး
၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်၊
တိုင်းဒေသကြီး ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်
ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်း ဒေသကြီး ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီအဖွဲ့
ဝင်များ၊ အသင်းအဖွဲ့များ၊ ဖိတ် ကြားထားသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်
ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်မှာ“နေ့စဉ်အခွင့်အရေးများ
မြှင့်တင်ရေး၊ ကလေးများ အသံ နားထောင်ပေး” ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုး
ကြောင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေသော ကလေးသူငယ်များကိုလည်း ကာကွယ်စောင့် ရှောက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးနှင့်လူမှုအသိုက်အဝန်း ပြန်လည် ဝင်ဆံ့နိုင်ရေးတို့ကို ဆက်စပ်ဝန်ကြီးဌာနများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စီမံချက်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် နေပါကြောင်းနှင့်
ကလေးအားလုံး အကောင်းဆုံးအကျိုးစီးပွားဖြစ် စေရန် ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်း ပူးပေါင်းကာ
အကောင်အထည် ဖော် မြှင့်တင်ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည် နေ့အထိမ်းအမှတ်
Video clip နှင့် အမှတ်(၁) မူလတန်းကြိုကျောင်း၊
ကလေးပြစုရေးဌာန၊ မသန်စွမ်း သက်ငယ် သင်တန်းကျောင်း၊
နားမကြားသော ကလေးများကျောင်း၊ ဧရိပ်မွန်
အမျိုးသမီး ပရဟိတဂေဟာ၊ ပြည်လုံးချမ်းသာ ပရဟိတဂေဟာ၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်း တို့မှ ကလေးသူငယ်များ၏ တေးသရုပ်ဖော်များဖြင့်
ကပြဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု အားပေးကြပြီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုငွေများနှင့်
အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments