နွားထိုးကြီးမြို့၌ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်

 


နွားထိုးကြီး နိုဝင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့တွင် နိုဝင်ဘာ ၇ ရက်မှ စတင်၍ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သည်။

 

နွားထိုးကြီးမြို့သည်၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်မှစ၍ နယ်မြေဒေသ အခြေအနေ မတည်ငြိမ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအပ ကျန်ဌာနဆိုင်ရာ ရုံးများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ အခြားမြို့များသို့ သက်ဆိုင်ရာဌာနအလိုက် တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ကြရသည်။ 

 

ယခုအခါ နွားထိုးကြီးမြို့သည် နယ်မြေဒေသ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် နိုဝင်ဘာ ၇ ရက်မှ စတင်၍ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ ၃၂ ရုံးမှ အရာထမ်း ၃၄ ဦး၊ အမှုထမ်း ၃၃၈ ဦးတို့ဖြင့် တာဝန်ထမ်းဆောင်နေကာ အခြေခံ ပညာကျောင်း ၁၈ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ နွားထိုးကြီးမြို့ပေါ် ရပ်ကွက်များမှ ထွက်ပြေးတိမ်းရှောင်နေသည့် အိမ်ထောင်စု ၉၇၇ စု၊ လူဦးရေ ၂၂၈၄ ဦး ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိ​သည်။

 

နွားထိုးကြီးမြို့သန့်ရှင်းသာယာ လှပရေးအတွက် တပ်မတော် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ချုံနွယ်သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့ပေါ်ရပ်ကွက်များလျှပ်စစ်မီးနှင့် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ မြို့မဈေးနှင့် မြို့ပေါ် ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများ၊ လူသုံးကုန် ပစ္စည်းဆိုင်များ ပြန်လည်ဖွင့်လှစ်ခြင်း၊ ခရီးသွား ယာဉ်လိုင်းများလည်း နေ့စဉ်ပုံမှန် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.