ပဲခူးတိုင်းဒေသကြီး၌ စားအုန်းဆီဖြန့်ဖြူးသည့်ကုမ္ပဏီများ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

 


ပဲခူး နိုဝင်ဘာ ၂၁

 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း လေ့လာစောင့်ကြည့် သုတေသနအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ လေ့လာစောင့်ကြည့် သုတေသနအဖွဲ့ ခေါင်းဆောင် ဦးပိုင်ဖြိုးသန့်က ဆွေးနွေးပွဲ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားကာ လေ့လာစောင့်ကြည့် သုတေသနအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က လေ့လာစောင်ကြည့် သုတေသနလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး လေ့လာစောင့်ကြည့် သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးလှိုင်မျိုးက လေ့လာစောင့်ကြည့် သုတေသနအဖွဲ့ ဖွဲ့စည်းရခြင်းနှင့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများအား ရှင်းလင်းဆွေးနွေးကာ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီနှင့်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးမိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်

No comments

Powered by Blogger.