ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ ဒုတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်
အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း အေဂျင်စီ(ROSATOM)နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော်
၂၀၂၅ (Science Festival 2025) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီ Naypyitaw
State Polytechnic University (NSPU) ၌ ဆက်လက်ကျင်းပသည်။
သိပ္ပံပွဲတော်သို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ
ROSATOM နှင့် ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow
Engineering Physics Institute) မှ တာဝန်ရှိသူများ ကြည့်ရှုအားပေးကြသည်။
နံနက်ပိုင်း၌ ပြည်ထောင်စုဝန်ကြီးသည်
တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ Project Shows ပြုလုပ်နေမှု၊ ပန်းချီပြခန်းနှင့် စုဝေးခန်းမ၌
“The Science Movies Almanac” မှတ်တမ်းရုပ်ရှင်များ ပြသနေမှုကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ
ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ရုရှားနှင့်
မြန်မာနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များက ပြန်လည်ဖြေကြား ဆွေးနွေးပေးကြသည်။
ထို့ပြင် အခြေခံပညာ အထက်တန်းကျောင်းများမှ
Grade-5 ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်သည် “DIY Science Session” ကိုယ်တိုင်ဖန်တီးနိုင်သော
သိပ္ပံနည်းပညာရပ်များကို လက်တွေ့ပြုလုပ်ခြင်း ပြိုင်ပွဲတွင် လူငယ်များ သိပ္ပံကမ္ဘာနှင့်
ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေမည့် အခွင့်အလမ်းများ ပေးနိုင်ရန်၊ အခြေခံအင်ဂျင်နီယာ
နည်းပညာရပ်များ တီထွင်ဖန်တီးနိုင်သော အရည်အချင်းများ၊ အသိပညာ ဗဟုသုတများ ရရှိစေရန်
ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲကြသည်။
Small Modular Reactor (SMR) အသေးစားနျူကလီးယား
စက်ရုံနှင့်စပ်လျဉ်းသည့် အသိပညာဟောပြောပွဲတွင် ရုရှားပညာရှင်များက SMR သည် ဘေးကင်းပြီး
ယုံကြည်စိတ်ချရမှု ရှိသည့် နည်းပညာရပ်များဖြင့် တည်ဆောက်ထားသော စနစ်တစ်ခုဖြစ်ပြီး သဘာဝဘေးအန္တရာယ်
ကျရောက်ပါက အလိုအလျောက် ဘေးကင်းလုံခြုံစွာ Shut Down လုပ်နိုင်စွမ်းရှိသည့် စနစ်များပါရှိကြောင်း
ဆွေးနွေးပြောကြားသည်။
HackAtom ပြိုင်ပွဲတွင် အဖွဲ့ ၁၀ ဖွဲ့မှ Small
modular nuclear reactors as a basis for industrial development of the region ခေါင်းစဉ်ဖြင့်
ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက အနိုင်ရရှိသည့် အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments