နယူးဒေလီနှင့် ရှန်ဟိုင်းအကြား တိုက်ရိုက်ပျံသန်းမှုများပြန်လည်စတင်
နိုဝင်ဘာ ၁၉
အိန္ဒိယလေကြောင်းလိုင်းက
နယူးဒေလီနှင့် ရှန်ဟိုင်းအကြား တိုက်ရိုက်ပျံသန်းမှုများကို ဖေဖော်ဝါရီလတွင် ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း
ကြေညာခဲ့သည်။ အဆိုပါပျံသန်းမှုကို ပြန်လည်စတင်ခြင်းသည် ခြောက်နှစ်နီးပါးကြာ ရပ်ဆိုင်းထားပြီးနောက်
ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Air India လေကြောင်းလိုင်းသည်
ပြီးခဲ့သည့်လက IndiGo မှ ပြန်လည်စတင်ခဲ့သော ကိုလ်ကတ္တားနှင့် ကွမ်ကျိုးအကြား လမ်းကြောင်းပြီးနောက်
တရုတ်ပြည်မကြီးသို့ ပျံသန်းမှုများ ပြန်လည်စတင်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့က ကြေညာခဲ့သည့်
ဒုတိယမြောက် အိန္ဒိယလေကြောင်းလိုင်း ဖြစ်လာခဲ့သည်။
ထိုလေကြောင်းလိုင်းသည် နယူးဒေလီနှင့်
ရှန်ဟိုင်းအကြား တစ်ပတ်လျှင် လေးကြိမ် ပျံသန်းမည်ဟု ဖော်ပြထားသည်။
စည်းမျဉ်းစည်းကမ်း ခွင့်ပြုချက်အပေါ်မူတည်ကာ
လာမည့်နှစ်တွင် မွမ်ဘိုင်းနှင့် ရှန်ဟိုင်းအကြား တိုက်ရိုက်ပျံသန်းမှုများကို စတင်မည့်အစီအစဉ်များကိုလည်း ယင်းလေကြောင်းလိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
အငြင်းပွားဖွယ်ရာ ဟိမဝန္တာနယ်စပ်ဒေသ
လာဒက်တွင် ၎င်းတို့၏ တပ်ဖွဲ့များ ထိပ်တိုက်တွေ့ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံအကြား
ပျံသန်းမှုများကို ၂၀၂၀ ခုနှစ်မှစ၍ ရပ်ဆိုင်းထားခဲ့သော်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ
မိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် သြဂုတ်လကပြုလုပ်သော ၎င်းတို့၏ ထိပ်သီးအစည်းအဝေးအတွင်း
လေကြောင်းချိတ်ဆက်မှုများ ပြန်လည်စတင်ကြောင်း အတည်ပြုခဲ့သည်ဟု ဖော်ပြထားသည်။
ထရမ့်အစိုးရ၏ အခွန်ကောက်ခံမှုများ
ပြဋ္ဌာန်းပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေး ဆိုးရွားလာမှုကြောင့် နယူးဒေလီသည် ပေကျင်းနှင့်
ဆက်ဆံရေး တိုးတက်စေရန် အရှိန်မြှင့်လုပ်ဆောင်နေခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments