မကွေးမြို့၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
မကွေး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး (၃၇)နှစ်မြောက်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက
မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းဟောင်းများ၊
အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍကို
ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်ရေး၊ မိမိတို့၏ အလုပ်တာဝန်ကို တန်ဖိုးထားဂုဏ်ယူတတ်ကြရန်အတွက်
ဌာန၏ ကျင့်စဉ်များဖြစ်သည့်- “ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၊ အင်တိုက်အားတိုက်လုပ်၊ မှန်မှန်ကန်ကန်ပြောဆို၊
ခိုင်ခိုင်မာမာ ရပ်တည်၊ ရိုးရိုးသားသားနေထိုင်ပြောဆို၊ ပြည်သူတွေနှင့် ပြေပြေပြစ်ပြစ်၊
ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ
ကျင့်ကြံလိုက်နာ ဆောင်ရွက်ကြရန် အထူးတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များကို Vedio Clip ဖြင့် ပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်/အောက်) မြန်မာပြည်နှင့် အုပ်ချုပ်ရေးပညာ
ဖွံ့ဖြိုးမှုသင်တန်းကျောင်း(IDA)တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို
ဆုချီးမြှင့်၍ ဝန်ထမ်းများအား Tracksuit အင်္ကျီနှင့် ယူနီဖောင်းစများနှင့် ဆန်၊ ဆီ၊
ရိက္ခာများကို ထောက်ပံ့ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊
ဧည့်သည်တော်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး
နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ဆောင်ချက်အမှတ်တရ
ပြခန်းငယ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)

No comments