သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရန်ကုန် နိုဝင်ဘာ ၉
ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(Rural
Bussines Fund) ဆောင်ရွက်လျက်ရှိသည့် သန်လျင်မြို့နယ် ဘော့သပြေကန်ကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့်
နို့စားနွားမွေးမြူခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ယင်းသို့စစ်ဆေးရာတွင် အမြဲတမ်းအတွင်းဝန်က
မွေးမြူရေးဆောင်ရွက်နေသူများ၊ တောင်သူများနှင့် တွေ့ဆုံ၍ နွားစားမြက်နေဗီယာများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊
အစာအတွက် ကောက်ရိုးချဉ်ဖတ် စမ်းသပ်ပြုလုပ်၍ သက်ဆိုင်ရာမှ နည်းပညာအကူအညီပေးရေးတို့ကို
ဆွေးနွေးမှာကြားသည်။
သန်လျင်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ
ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (Rural
Bussiness Fund)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာပေါင်း ခြောက်ရွာရှိပြီး
အသားတိုးဝက်မွေးမြူခြင်း၊ နို့စားနွားမွေးမြူခြင်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာစေကြောင်း သိရသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်သည် သန်လျင်မြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ဘုရားကုန်းကျေးရွာအုပ်စု ကျိုက်အင်းကျေးရွာအဝင်လမ်း
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းဖြင့် အချိန်မီပြီးစီးရေး
တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)

No comments