ရေကြည်မြို့နယ်၌ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
ရေကြည် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် စာရေးဆရာ အသင်းနှင့် စာပေဝါသနာရှင် မြို့မိမြို့ဖများ စုပေါင်းကျင်းပသည့် (၈၁)ကြိမ်မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ကဗျာပြိုင်ပွဲတွင်
ဆုရရှိသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နဝရတ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်လင်းက အမှာစကား ပြောကြားပြီး စာရေးဆရာသိန်းဇော် ရွှေလီဦးက
စာဆိုတော်နေ့ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို
ပြောကြားသည်။ ထို့နောက် မြန်မာ နိုင်ငံ စာရေးဆရာအသင်းက
ပေးပို့ သော စာဆိုတော်နေ့ သဝဏ်လွှာ ကို မြို့နယ်စာရေးဆရာအသင်း
အတွင်းရေးမှူး စာရေးဆရာ လွမ်းမျိုးဦး (စကားဝါမြေ)က ဖတ်ကြားသည်။
ယင်းနောက် ကဗျာဆရာ ချစ်ဒေါင်းဆွေက စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ တွင်
ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူ
များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။ မြို့နယ်(ပြန်/ဆက်)

No comments