ပြင်ဦးလွင်မြို့ရှိ ရွှေဆိုင်သို့ ဝင်ရောက်လုယက်မှုတွင် တရားခံဖမ်းဆီးရမိရေး ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူများအား ဂုဏ်ပြုဆုချီးမြှင့်
ပြင်ဦးလွင် နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့
မြို့မရဲစခန်း (ပ) ၂၄၁/၂၀၂၅ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ အမှုမှ ရပ်ကွက်ကြီး(၃) နာရီစင်အနီးရှိ
အောင်စံပယ် ရွှေဆိုင်အား ဝင်ရောက်လုယက်မှုတွင် တရားခံဖမ်းဆီးရမိရေး စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ပေးခဲ့သည့်
ပြည်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်
ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲကျော်သူခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကား ပြောကြားသည်။ ထို့နောက် တရားခံဖမ်းဆီးရမိရေး
ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည့် ပြည်သူများအား တာဝန်ရှိသူများနှင့် ပြည်သူများက
ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ခရိုင်(ပြန်/ဆက်)

No comments