တန့်ယန်းမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်
တန့်ယန်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်
မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိဌာနဆိုင်ရာများက လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတွင် နိုဝင်ဘာ ၉ ရက်က ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက
မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းများတွင် ပါရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း
သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
%20111120251054.jpg)
No comments