တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့များပေးအပ်
ဘုတ်ပြင်း နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ
၁၆ ရက် နံနက်ပိုင်းတွင် ဘုတ်ပြင်းခရိုင်အတွင်းရှိ မြို့နယ်များ၌ ကျင်းပသည့် ဆောင်းသီးနှံ
(မတ်ပဲနှင့်အစေ့ထုတ်ပြောင်း) စိုက်ပျိုးကြမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့များ
ပေးအပ်ပွဲသို့ တက်ရောက်သည်။
ပြောကြား
ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က
တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများမှ ထုတ်ကုန်များ ပိုမိုတိုးတက်ရရှိရေးအတွက်
အဓိကသီးနှံများ လျာထားချက်ပြည့်မီရေး၊ အဓိကသီးနှံများ၏ တစ်ဧကအထွက်နှုန်းရရှိရေး မတ်ပဲနှင့်အစေ့ထုတ်ပြောင်းအတွက်
ဒေသရေမြေရာသီဥတုနဲ့ ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်မျိုးစေ့များကို အကျိုးဆောင်
တောင်သူများအား ဖြန့်ဖြူးပေးခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရ အနေဖြင့် တောင်သူများ၏ လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရှေးရှုဆောင်ရွက် နေခြင်းဖြစ်သည့်အတွက်
ယနေ့ပေးအပ်သည့် သွင်းအားစုမျိုးစေ့များကို တောင်သူများအနေဖြင့် ထိထိမိမိအသုံးချပြီး
မိမိတို့စိုက်ပျိုးထားရှိသည့် သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့
ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး
ဦးသန်းထိုက်က ဆောင်းသီးနှံ (မတ်ပဲနှင့် အစေ့ထုတ်ပြောင်း) စိုက်ပျိုးမည့် အကျိုးဆောင်
တောင်သူများအား မျိုးစေ့များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက
အကျိုးဆောင်တောင်သူများအား ဆောင်းသီးနှံ(မတ်ပဲနှင့် အစေ့ထုတ်ပြောင်း)များ ပေးအပ်ရာ
မတ်ပဲမျိုးစေ့စိုက်အကျိုးဆောင် တောင်သူ ၁၇ ဦးအား မတ်ပဲမျိုးစေ့ တင်း ၃၀၊ အစေ့ ထုတ်ပြောင်းစိုက်
အကျိုးဆောင် တောင်သူခုနစ်ဦးအား အစေ့ထုတ်ပြောင်း မျိုးကောင်းမျိုးသန့် ၇၅ ကီလိုတို့ကို
ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments