ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ၁၀ လတာကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူပေါင်း ၈၅၀၀ ကျော် သေဆုံး



နိုဝင်ဘာ ၇

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမ ၁၀ လအတွင်း ယာဉ်မတော်တဆမှု ၁၅၂၅၁ ခုစံချိန်တင်ဖြစ်ပွားမှုကြောင့် ၈၅၁၅ ဦး သေဆုံးပြီး ၁၀၂၀၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးက ဖော်ပြထားသည်။

အဆိုပါယာဉ်မတော်တဆမှုများဖြစ်ပွားမှုသည် လွန်ခဲ့သောနှစ် အလားတူကာလကဖြစ်ပွားမှုများနှင့်နှိုင်းယှဉ်ပါက ၂၂ ဒသမ ၇ ရာခိုင်နှုန်း၊ သေဆုံးမှုတွင် ၇ ဒသမ ၂ ရာခိုင်နှုန်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုတွင် ၃၀ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်ဟု သိရသည်။

ထိုကာလအတွင်း နိုင်ငံတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ယာဉ်မတော်တဆမှု ၅၀ နီးပါးဖြစ်ပွားပြီး ၂၈ ဦး သေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.