ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ ဖွင့်လှစ်

 


လွိုင်ကော် နိုဝင်ဘာ ၂၄

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်တို့ကို ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကယားပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးသည် တက္ကသိုလ်များနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်တို့သို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုပြီး တွေ့ဆုံအားပေးစကား ပြောကြားသည်။ 

 

လွိုင်ကော်တက္ကသိုလ် နေ့သင်တန်းများတွင် ဘာသာရပ် ၁၄ ခု၊ တန်းစဉ် ၁၃ ခု၌ ကျောင်းသား ကျောင်းသူ ၁၇၂ ဦး၊ နည်းပညာ တက္ကသိုလ်တွင် ဘာသာရပ် လေးခု၌ ကျောင်းသား ကျောင်းသူ ၄၄ ဦး၊ ကွန်ပျူတာ တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံ ကျောင်းသား ကျောင်းသူ ၆၀ နှင့် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းသား ကျောင်းသူ ၂၇၄ ဦးတို့ စတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မေစု(ပြန်/ဆက်)

No comments

Powered by Blogger.