ဘရာဇီးနိုင်ငံ၌ လေဆင်နှာမောင်းတိုက်ခတ်၊ ခြောက်ဦးသေဆုံးပြီး ၇၅၀ ကျော် ထိခိုက်ဒဏ်ရာရ
ရီယိုဒီဂျနေးရိုး
နိုဝင်ဘာ ၉
ဘရာဇီးနိုင်ငံတောင်ပိုင်း
ပါရန်နာပြည်နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ၇၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ
တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။
လေဆင်နှာမောင်း
တိုက်ခတ်မှုကြောင့် Rio Bonito do Iguacu မြို့၌ နေအိမ်များနှင့် အဆောက်အအုံအများ အပြားပျက်စီးခဲ့ကြောင်း
ဒေသတွင်းမီဒီယာက သတင်းဖော်ပြသည်။ လူပေါင်း ၁၄၀၀၀ ခန့်နေထိုင်သည့် အဆိုပါမြို့၏ ၈၀ ရာခိုင်နှုန်းခန့်မှာ
ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပါရန်နာပြည်နယ်
အုပ်ချုပ်ရေးမှူး ကာလို့စ်မတ်ဆာရာတင်ဟိုက ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများအတွက်
သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။
လေဆင်နှာမောင်းသင့်
ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းခံစားရပါကြောင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့များ၊
ပြန်လည်ထူထောင်ရေးဝန်ထမ်းများနှင့် အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုများကို ချက်ချင်းဆောင်ရွက်ရန်
ဘရာဇီးသမ္မတ လူလာဒါဆေးဗားက ညွှန်ကြားခဲ့သည်။
ပါရန်နာပြည်နယ်၏
သဘာဝပတ်ဝန်းကျင်နည်းပညာနှင့် စောင့်ကြည့်ရေးစနစ်အရ လေဆင်နှာမောင်း၏ အဆင့်သတ်မှတ်ချက်ကို
အက်ဖ်(၂)အဖြစ် ကနဦးသတ်မှတ်ထားပြီး လေတိုက်နှုန်းမှာ ၁၈၀ နှင့် ၂၅၀ ကီလိုမီတာကြား ရှိကြောင်း
သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments