ကမ္ဘာတစ်ဝန်း အင်တာနက်သုံးစွဲသူအရေအတွက် ခြောက်ဘီလီယံခန့်ရှိလာဟု အိုင်တီယူ ဆို

 


ဂျီနီဗာ နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ်တွင်  ကမ္ဘာတစ်ဝန်းအတိုင်းအတာဖြင့် အင်တာနက်သုံးစွဲသူအရေအတွက်သည် ခြောက် ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ သို့သော်လည်း အင်တာနက်အရည်အသွေးနှင့် ကုန်ကျစရိတ်ဆိုင်ရာ ဒစ်ဂျစ်တယ်ကွာဟမှုများမှာ  ခြားနားနေဆဲဖြစ် ကြောင်း   အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ (အိုင်တီယူ)၏ နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက် အရ သိရသည်။

သန်း ၂၄၀   ကျော် တိုးလာ

အိုင်တီယူ၏ အချက်အလက်နှင့်ကိန်းဂဏန်းများက ၂၀၂၅  ခုနှစ်တွင်  ဒစ်ဂျစ်တယ်ချိတ်ဆက် အသုံးပြုမှုမှာ တိုးတက်လျက်ရှိကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းတွင် အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုမှု   မြင့်တက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်  သန်း ၂၄၀ ကျော် တိုးလာသည်ဟု ဆိုသည်။  ယခုနှစ်တွင်   လူပေါင်း ၂ ဒသမ ၂ ဘီလီယံခန့်  အင်တာနက်သုံးစွဲနိုင်မှု မရှိသေးဟု ဆိုသည်။

အလေးပေးဖော်ပြ

ဉာဏ်ရည်တု(အေအိုင်) ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို လူတိုင်းအကျိုးခံစားနိုင်စေရန် အတွက် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ သင့်တင့်မျှတသော ဈေးနှုန်းဝန်ဆောင်မှုများနှင့် ကျွမ်းကျင်မှုဆိုင်ရာလေ့ကျင့်မှုများ၏ အရေးပါမှုကို အစီရင်ခံစာက အလေးပေးဖော်ပြထားသည်။

၂၀၂၅ ခုနှစ် အချက်အလက်နှင့် ကိန်းဂဏန်းများသည် အင်တာနက်အသုံးပြုမှု၊  မိုဘိုင်းကွန်ရက် လွှမ်းခြုံမှု၊ အင်တာနက်စာရင်းသွင်းမှု၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ မိုဘိုင်းဖုန်းကိုင်ဆောင်မှုများနှင့်  ဆက်နွှယ်သောအညွှန်းကိန်းများအတွက် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသအလိုက်နှင့်  ဝင်ငွေအုပ်စုအလိုက် ခန့်မှန်းချက်များကို  ပံ့ပိုးပေးသည်။            

ဆင်ဟွာ

No comments

Powered by Blogger.