ထန်းတပင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးဟောပြော

 



ရန်ကုန် နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် သစ်တော ဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းကုန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အသိပညာပေး

အဆိုပါ ဟောပြောပွဲတွင် မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များ အကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျှော့ချရေးအတွက် Fire Hotspots များ လျော့နည်း ကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများ မီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများ ထိန်းသိမ်းရေး အကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ အကြောင်းကို တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများကို အသိပညာပေး ဟောပြောခဲ့ကာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)

No comments

Powered by Blogger.