ပရီမီယာလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆု မန်ယူအသင်းနည်းပြ အမိုရင် ပထမဆုံးအကြိမ်ဆွတ်ခူး
မန်ယူအသင်းနည်းပြ
အမိုရင်ဟာ အောက်တိုဘာလအတွက် ပရီမီယာလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပြီး
အခုလိုရရှိခဲ့တာဟာ ပရီမီယာလိဂ်နည်းပြ ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အမိုရင်ဟာ ၂၀၂၄
ခုနှစ် နိုဝင်ဘာလက မန်ယူအသင်းနည်းပြ ဖြစ်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလက မန်ယူအသင်းနဲ့အတူ
ပရီမီယာလိဂ်သုံးပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ အောက်တိုဘာလအတွင်းက
ဆန်းဒါးလန်းအသင်း၊ လီဗာပူးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး
လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း လီဗာပူးအသင်းရဲ့အိမ်ကွင်း
အန်ဖီးလ်မှာ ပထမဆုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပရီမီယာလိဂ် တစ်လတာအကောင်းဆုံး
နည်းပြဆုကို ၂၀၂၃ ခုနှစ်က နည်းပြအဲရစ်တန်ဟက်ဒ် ရရှိခဲ့ပြီးနောက်ပိုင်း နည်းပြအမိုရင်ရရှိခဲ့ခြင်းဟာ
မန်ယူအသင်းနည်းပြတစ်ဦးအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အောက်တိုဘာလအတွက်
တစ်လတာ ပရီမီယာလိဂ်အကောင်းဆုံး ကစားသမားဆုကိုတော့ မန်ယူတိုက်စစ်မှူး အမ်ဘူမိုက ရရှိခဲ့ပြီး
အမ်ဘူမိုဟာ ပြီးခဲ့တဲ့လက ပရီမီယာလိဂ်သုံးပွဲမှာ သုံးဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့တာ
ဖြစ်ပါတယ်။
ငွေကြယ်

No comments