ဟောင်ကောင်မြောက်ပိုင်းရှိ အထပ်မြင့်အဆောက်အအုံမီးလောင်မှုကြောင့် သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်လာ
နိုဝင်ဘာ ၂၈
ဟောင်ကောင်မြောက်ပိုင်း အထပ်မြင့်
တိုက်ခန်းတွဲတစ်ခုမီးလောင်မှုအတွင်း သေဆုံးသူ ၁၂၈ ဦး ရှိလာပြီး လူ ၂၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း
ဖော်ပြထားသည်။
မြောက်ပိုင်း တိုင်ပိုခရိုင်ရှိ
အဆောက်အအုံငယ်ရှစ်ခုအနက် ခုနစ်ခုတွင် နိုဝင်ဘာ ၂၆ ရက်က မီးစတင်လောင်ကျွမ်းခဲ့သည်။ အဆောက်အအုံတစ်ခုစီတွင်
အထပ် ၃၀ ကျော်ရှိသည်ဟု သိရသည်။
ဒေသခံမီဒီယာများက အဆောက်အအုံခြောက်ခုတွင်
မီးလောင်ကျွမ်းမှုအများစုကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြောင်းရင်းကိုမသိရှိရသေးသော်လည်း
မီးသည်ကြီးမားသောပြုပြင်ရေး လုပ်ငန်းများအတွက် ပြုလုပ်ထားသောဝါးတိုင်များတစ်လျှောက်
ပျံ့နှံ့သွားသည်ဟု ဒေသခံမီဒီယာများက ဆိုသည်။
မီးသတ်အာဏာပိုင်များက လုပ်ငန်းအတွက်
အသုံးပြုသော အကာအကွယ်ပိုက်ကွန်များသည် မီးဘေးကင်းရေးစံနှုန်းများနှင့် မကိုက်ညီနိုင်ကြောင်း
ပြောကြားကာ အဆောက်အအုံများတွင် အသုံးပြုသော ရေမြှုပ်ပစ္စည်းသည် မီးလောင်ကျွမ်းမှုကို
ဖြစ်ပေါ်စေသည်ဟူသော ဖြစ်နိုင်ခြေကိုလည်း ၎င်းတို့က ငြင်းဆိုခြင်း မပြုဟု သိရသည်။
ရဲတပ်ဖွဲ့က ပြုပြင်ရေးစီမံကိန်းကို
ကြီးကြပ်နေသော ဆောက်လုပ်ရေးကုမ္ပဏီမှ အကြီးတန်းအရာရှိများအပါအဝင် လူသုံးဦးကို လူသတ်မှုဖြင့်
သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments