မင်းတုန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩ
မင်းတုန်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင်
ယမန်နေ့ညနေပိုင်းက လူတို့၏ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက်
မိဘပြည်သူများ လိုက်နာဆောင်ရွက်ရန် မီးဘေးကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို
မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်း လှည့်လည်ဆော်သြခဲ့ကြသည်။
အဆိုပါ ညွှန်ကြားချက်များမှာ နေအိမ်အဆောက်အအုံတိုင်းတွင်
မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံး၊ လှေကားနှင့် မီးသတ်ဆေးဘူးများထားရှိရန်၊ မီးဖိုမီးများအား
စနစ်တကျအသုံးပြုကြရန်၊ အမှိုက်ပုံလောင်စာများ စနစ်တကျစွန့်ပစ်ရန်၊ လေပြင်းများတိုက်ခတ်လာပါက
မီးဖိုမီးသုံးစွဲခြင်း မပြုရန်၊ ဂက်စ်မီးဖိုအသုံးပြုပါက လေဝင်၊ လေထွက် ကောင်းမွန်အောင်
ပြုလုပ်ရန်၊ ပျက်စီးချို့ယွင်းနေသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ၊ လျှပ်စစ်ပစ္စည်းကိရိယာများကို
အသုံးမပြုကြရန်နှင့် တောမီးတားလမ်းများ ပြုလုပ်ထားကြရန် လှည့်လည်ဆော်သြခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)

No comments