ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် အိမ်ခြေအလုံးပေါင်း ၁၅၀၀ ပျက်စီးဆုံးရှုံး
နိုဝင်ဘာ ၂၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ အကြီးဆုံးဆင်းရဲသားရပ်ကွက်များအနက် ရပ်ကွက်တစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တဲအိမ်အလုံးပေါင်း ၁၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုသည် အိမ်ခြေထောင်ပေါင်းများစွာရှိသော ဆင်းရဲသားရပ်ကွက်တွင် နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီ ၂၂ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနချုပ် အကြီးအကဲတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။
မီးသတ်သမားများသည် ၁၆ နာရီနီးပါးကြာ မီးငြှိမ်းသတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဒါကာမြို့ Tejgaon စက်မှုဇုန်ရှိ Korail ဟုခေါ်သော ဆင်းရဲသားရပ်ကွက်တွင် ဒေသခံရာပေါင်းများစွာ နေထိုင်ကြသည်။
မီးလောင်မှုဖြစ်ပွားသည့်တိကျသောအကြောင်းရင်းကိုမဆုံးဖြတ်ရသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဖော်ပြထားသည်။
သံပြား၊ ပလတ်စတစ်နှင့် ကတ်ထူပြားများဖြင့် ပြုလုပ်ထားသော အိမ်ခြေ ၁၅၀၀ ကျော်သည် မီးလောင်မှုတွင် လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့သည်ဟု ၎င်း၏ပြောကြားချက်အရသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments