ထန်းတပင်မြို့နယ်အတွင်းရှိ လူနာများအား ကွင်းဆင်းဆေးကုသပေး

 


ပဲခူး နိုဝင်ဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က မြို့နယ်အတွင်းရှိ အထွေထွေရောဂါ ဝေဒနာရှင်များအား နိုဝင်ဘာ ၂၂ ရက်က မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့်ကျန်းမာ ရေး စောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

 

ကွင်းဆင်းဆေးကုသပေးရာတွင် တောင်ငူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးနှင့်ကုသရေးဝန်ထမ်းများ ပူးပေါင်း၍ အထွေထွေရောဂါ ၅၁ ဦး၊ ခွဲစိတ်ရောဂါ ရှစ်ဦး၊ မျက်စိရောဂါ ၇၄ ဦး၊ နှား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၁ ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ ခြောက်ဦး၊ အရိုးရောဂါ ၅၄ ဦး၊ သွားနှင့် ခံတွင်း ရောဂါ ၁၂ ဦး၊ သားဖွားမီးယပ်ရောဂါ သုံးဦး၊ ကလေးရောဂါ ၁၂ ဦး၊ အရေပြားရောဂါ ၁၈ ဦး၊ ဓာတ်မှန်ရိုက်သူ ၄၄ ဦး၊ ရောဂါဗေဒလူနာ နှစ်ဦး စုစုပေါင်းလာရောက်ပြသသူ ၃၀၅ ဦးတို့ကို ကွင်းဆင်းကုသပေးခဲ့သည်။

 

အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသရာသို့ တောင်ငူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.