ထိုင်းနိုင်ငံ၌ ရေကြီးမှုကြောင့် ၁၃ ဦး သေဆုံး၊ လူများ ပိတ်မိ၊ လမ်းများ ရေနစ်မြုပ်
နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယမန်နေ့က
ခါးပိုင်းအထိ ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ အဓိက ခရီးသွားမြို့တစ်မြို့သည်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံခဲ့ရပြီး အိမ်များနှင့်
ဟိုတယ်များတွင် လူများပိတ်မိနေကာ ဒေသတွင်း ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
မိုးလေဝသဌာနက ယခုသီတင်းပတ်တွင်
မိုးရွာသွန်းမှုနှင့် ရုတ်တရက် ရေကြီးမှုများ ဖြစ်နိုင်ခြေ ရှိသည်ဟု ခန့်မှန်းထားသောကြောင့်
အစိုးရက တောင်ပိုင်းဆောင်ခလာပြည်နယ်တွင် ယမန်နေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းမှစတင်ကာ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခရီးသွားဗဟိုချက်ဖြစ်သော ဟတ်ယိုင်နှင့်
တောင်ပိုင်းဒေသတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေကြီးမှုဖြစ်ပွားသည့် ပြည်နယ်လေးခုတွင် ၁၃ ဦး
သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ပြောကြားခဲ့သည်။
ဟတ်ယိုင်ရှိ ကယ်ဆယ်ရေးသမားများသည်
လှေများ၊ ဂျက်အင်ဂျင်တပ်ယာဉ်များနှင့် စစ်ဘက်ဆိုင်ရာထရပ်ကားများဖြင့် ရေဘေးသင့်သူများအားရွှေ့ပြောင်းပေးနေပုံကို
ဒေသတွင်းရုပ်မြင်သံကြား မှတ်တမ်းများတွင် မကြာသေးမီက ပြသထားသည်ဟု သိရသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို
No comments