အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အထက်တန်းကျောင်းတစ်ကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွား၊ ၅၄ ဦး ဒဏ်ရာရ
ဂျကာတာ နိုဝင်ဘာ
၇
အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာမြို့ အထက်တန်းကျောင်းတစ်ကျောင်း၌ ဖြစ်ပွားသောပေါက်ကွဲမှုတွင် ကျောင်းသား ကျောင်းသူများ
အပါအဝင် လူ ၅၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်က ပြောသည်။
ကျောင်းသားကျောင်းသူများနှင့်
ဝန်ထမ်းများ နိုဝင်ဘာ ၇ ရက် ဝတ်ပြုဆုတောင်းနေချိန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု
ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက
ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထို့အပြင်
အကြမ်းဖက်လုပ်ရပ် ဟုတ်မဟုတ်ကိုလည်း စုံစမ်းအဖြေ ရှာလျက်ရှိသည်။
အင်န်အိတ်ချ်ကေ

No comments