တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်
၁။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ
မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့်
မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်
အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက်
သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၇ - ၁၁ - ၂၀၂၅ ရက်နေ့မှ ၂၁ - ၁၁ - ၂၀၂၅ ရက်နေ့အထိ
နံနက် ၀၉၀၀ နာရီမှ ညနေ ၁၆၃၀ နာရီအတွင်း သက်ဆိုင်ရာ အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးရန်
ဆောင်ရွက်ခဲ့ပါသည်။
၂။ အဆိုပါနေ့ရက်များအတွင်း တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ မဲပေးပိုင်ခွင့်ရှိသည့်
ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင်
ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသည်။ သတ်မှတ်ကာလအတွင်း လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည့်
ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၃၃၉ ဦးရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments