မိုးနဲမြို့နယ်၌ အီလက်ထရောနစ်မဲပေးစက် လက်တွေ့သရုပ်ပြ

 



မိုးနဲ နိုဝင်ဘာ ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)မိုးနဲ မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား အီလက်ထရောနစ် မဲပေးစက်အသုံးပြုခြင်း အသိပညာပေး ရှင်းလင်းခြင်းနှင့် မဲပေးစက် လက်တွေ့သရုပ်ပြ မဲပေးခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မြို့နယ်ကမ္ဘောဇ ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကား ‌ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအား အီလက်ထရောနစ် မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်း စသည့် မဲပေးပုံ အဆင့်အဆင့်ကို လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)

No comments

Powered by Blogger.