စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့်
ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး
အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။
ပြောကြား
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး
စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက်
ဖြန့်ဖြူးရောင်းချရေးကော်မတီအနေဖြင့် စားအုန်းဆီ သုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီး၌
လက်လီအရောင်းဆိုင်များတွင် တန်းစီ ဝယ်ယူရန် မလွယ်ကူသည့် အိမ်ထောင်စုများ လွယ်ကူစွာဖြင့်
အိမ်တိုင်ရာရောက် ရရှိစေရန်၊ ဈေးနှုန်းမှန်၊ ပစ္စည်းမှန် ရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ် ၄၄ မြို့နယ်သို့ ဖုန်းဖြင့်အမှာစာကောက်ခံပြီး Delivery Company ဖြင့် လိုက်လံဖြန့်ဖြူးရောင်းချသည့်စနစ်၊
Door to Door Distribution System ဖြင့်လည်း မှာယူသူပြည်သူများထံ အိမ်ရောက်ငွေချေဖြင့်
ပို့ဆောင် ဖြန့်ဖြူးရောင်းချသည့် စနစ်အား ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး
တစ်အိမ်ထောင်လျှင် နှစ်ပိဿာခွဲနှုန်းဖြင့် ဖြန့်ဖြူး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး
ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး
ဦးဇော်ကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဝင်းဇော်နိုင်တို့က
သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက
အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လတ်

No comments