မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ် အောက်တိုဘာလသည် အအေးဆုံးအဖြစ် စံချိန်တင်
အူလန်ဘာတာ နိုဝင်ဘာ
၇
မွန်ဂိုလီးယားနိုင်ငံသည်
၂၀၂၅ ခုနှစ်အတွင်း အောက်တိုဘာလကို အအေးဆုံးအဖြစ် မှတ်တမ်းတင်ကြောင်း အမျိုးသားမိုးလေဝသနှင့်
သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအေဂျင်စီက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့်လက နိုင်ငံ၏
ပျမ်းမျှအပူချိန်သည် ယမန်နှစ်ကထက် ၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် အောက် လျော့နည်းကြောင်း၊
ယင်းမှာ ရေရှည်ပျမ်းမျှအောက် ၂ ဒသမ ၉ ဒီဂရီအောက်ရှိပြီး ၁၉၄၀ ပြည့်နှစ်မှစကာ အောက်တိုဘာလအပူချိန်မှာ
အနိမ့်ဆုံးဖြစ်ကြောင်း အေဂျင်စီက ထုတ်ပြန်ထားသည်။
မွန်ဂိုလီးယားနိုင်ငံသည်
ရှည်လျားပြီး အေးသည့်ဆောင်းရာသီနှင့် တိုတောင်း၍ ပူသည့်နွေရာသီများကြောင့် ပြင်းထန်သည့်
ကုန်းမြေထုရာသီဥတု လက္ခဏာရှိကြောင်း သိရသည်။
ဆင်ဟွာ

No comments