ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျနိုင်ငံသို့ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ရောင်းချသွားရန် အစီအစဉ်ရှိဟုဆို
ဝါရှင်တန် နိုဝင်ဘာ ၁၈
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်
အမေရိကန်ပြည်ထောင်စုသို့ လာရောက် မလည်ပတ်မီ တစ်ရက်အလိုတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ အက်ဖ်- ၃၅
ဂျက်တိုက်လေယာဉ်များ ရောင်းချသွားရန်
အစီအစဉ်ရှိကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
သမ္မတထရမ့်သည် အက်ဖ်-၃၅
ဂျက်တိုက်လေယာဉ်များကို ရောင်းချသွားမည်ဖြစ်ကြောင်း ဘဲဥပုံရုံးခန်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံသည်
အလွန်ကောင်းမွန်သော မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ် ကြောင်းလည်း ၎င်းက ပြောကြားသည်။
လတ်တလောတွင် အရှေ့အလယ်ပိုင်းဒေသ၌ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များကို
အစ္စရေး နိုင်ငံသာ ပိုင်ဆိုင်ထားသေးကြောင်း၊ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်တစ်စင်းလျှင် အမေရိကန် ဒေါ်လာသန်း ၁၀၀ ခန့် ကုန်ကျနိုင်ကြောင်း၊
ထို့အပြင် အက်ဖ်-၃၅ ဂျက်တိုက် လေယာဉ်သည် ကမ္ဘာပေါ်တွင်
အဆင့်အမြင့်ဆုံး ဂျက်တိုက်လေယာဉ်များထဲမှ
တစ်စင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments