ဒုတိယဝန်ကြီး ဦးအေးထွန်း ရွှေတိဂုံစေတီတော် (၁၀၇) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ၌ သံဃာတော်များစာဖြေဆိုမှု တက်ရောက်ကြည်ညို
ရန်ကုန် နိုဝင်ဘာ ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည်
ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်းတွင်
ကျင်းပလျက်ရှိသည့် (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ
ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စေတိ ယင်္ဂဏ ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ စာလျှောက်မေးပွဲသို့
လာရောက်ဖြေဆိုကြသည့် သံဃာတော်များအား လှည့်လည်ကြည်ညိုသည်။
မှာကြား
ထိုသို့ လှည့်လည်ကြည်ညိုစဉ် စာမေးပွဲနှင့် ပတ်သက်၍ သံဃာတော်များ၏
လိုအပ်ချက်များ ပြည့်စုံစွာ စီမံဆောင်ရွက်ရေးနှင့် အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး
လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ကြရန် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များအား မှာကြားသည်။
ယခု စာလျှောက်မေးပွဲတွင် သီးခြားစာချတန်း ၄၂ ပါး၊ သီးခြား စာသင်တန်း
၂၀၅ ပါး စုစုပေါင်း ၂၄၇ ပါး စာရင်းပေးသွင်းပြီး ဖြေဆိုအပါးရေ ၂၀၄ ပါး ဖြေဆို လျက်ရှိကြောင်းနှင့်
နိုဝင်ဘာ ၂၁ ရက်အထိ ဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments