ငပုတောမြို့နယ်၌ မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်လျက်ရှိ
ငပုတော နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာခြင်းမပြုမီ
ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု
စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ဆောင်ရွက်ထားရှိသည့်
ပုံစံ(၃)၊ (၃က)၊ (၄)၊ (၄ဂ)၊ ယာယီနေရပ်စွန့်ခွာသူများ၊ ပူးတွဲ(၁)၊ ပုံစံ(၁)၊ မြေပြင်တွင်
ပြန်လည် ရောက်ရှိသူများ ပါရှိမှု ရှိ မရှိ၊ မြေပြင်တွင် သေဆုံးသူများပါရှိနေမှု ရှိ
မရှိ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စိစစ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments